0
115
Source: Nyein Thaw
Unicode Version
တက္ကသိုလ်ကျောင်းသားချောချောလေးအဖြစ်နဲ့ ပရိသတ်တွေကို ကြွေစေပြန်တဲ့ ညိမ်းသော်
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ညိမ်းသော်ကတော့ “ည” ရုပ်ရှင်ဇာတ်ကားကနေ တစ်ဆင့် ပရိသတ်တွေကြားမှာ ပိုပြီးတော့ လူသိများလာတဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ညိမ်းသော်ကတော့ ေ့ဖစ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ပါ။
သူကတော့ ဒီကနေ့ ဒဂုံတက္ကသိုလ်မှာ ရိုက်ကူးရေးလုပ်နေတဲ့ သူ့ရဲ့ ဓါတ်ပုံတွေကို ဝေမျှပေးလိုက်တာဖြစ်ပါတယ်။ ညိမ်းသော်ကတော့ “ဒဂုံ တက္ကသိုလ် က အချေားလေးတွေကိုလာကြည့် တာလေ ဟိုရောက်မှ ကျောင်းကပိတ်တယ်တဲ့လား.” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။
ညိမ်းသော်ကတော့ တက္ကသိုလ်ကျောင်းသား ချောချောလေးအဖြစ်နဲ့ ပရိသတ်တွေကို ကြွေသွားအောင် ဖမ်းစားလိုက်ပြန်ပါပြီ။ ညိမ်းသော်ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။
Source: Nyein Thaw
Loading...