သင္မသိလိုက္ေပမယ့္ သင့္ခ်စ္သူကို စိတ္ကုန္သြားေစႏိုင္တဲ့ အျပဳအမူမ်ား

0
5686

သင္တို႕ခ်စ္သူနွစ္ဦးမွာ အခ်စ္ေရးက အျမဲအဆင္ေျပေခ်ာေမြ႕ေနရင္ေတာ့ အေကာင္းဆံုးပါပဲ ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ သင့္ဘက္ကောတာ့ အဆင္ေျပေနတယ္ထင္ေပမယ့္ သင့္ခ်စ္သူက ဒီအခ်စ္ေရးကို စိတ္ကုန္ေနတဲ့ ပံုစံမ်ိဳးျပလာတတ္ပါတယ္ ။ ဒါဘာေျကာင့္လဲဆိုေတာ့ သင့္ဘက္က မသိလိုက္ေပမယ့္ သင့္ခ်စ္သူဘက္ကို စိတ္ကုန္ေစတဲ့ အျပဳအမူမ်ိဳးေတြ လုပ္မိေနလို႕ပါ ။ ကိုယ့္ရဲ႕ လက္တြဲေဖာ္ကို ဒီလို အျပဳအမူမ်ိဳးေတြ လုပ္မိေနျပီလားလုိ႕ျပန္စဥ္းစားျကည့္လုိက္ပါ ။ တစ္ကယ္လို႕ အခ်က္အနည္းငယ္နဲ႕ တူေနျပီဆိုရင္ေတာ့ အခုခ်ိန္တည္းက ျပင္ဆင္ျပီးေနလိုက္တာက နွစ္ေယာက္လံုးရဲ႕ အခ်စ္ေရးကို တည္ျမဲေစမွာပါ…

(၁)ကိုယ့္ကိုယ္ကို ေ၀ဖန္ျပီး အျမဲစိတ္တိုင္းမက်ျဖစ္ေနတာ

လူတိုင္းကေတာ့ ကိုယ့္ကိုယ္ကို စိတ္တိုင္းက်တယ္ဆိုတာေတာ့မရွိပါဘူး ။ ဒါေပမယ့္ လူတိုင္းက သူတို႕ရဲ႕ အားနည္းခ်က္ေတြကိုပဲ အာရံုစိုက္ျပီးညည္းညဴေနမွာမဟုတ္ဘူးဆိုတာေတာ့ သိထားရပါမယ္ ။ ဒီအတိုင္းပါပဲ သင့္ခ်စ္သူကလည္း သင့္ရဲ႕ အားနည္းခ်က္ေတြကို အျမဲျမင္ေန ၊ အာရံုထားေနတတ္တာ မဟုတ္ေပမယ့္ သူေတာင္ သတိမထားမိတဲ့ သင့္ရဲ႕ အားနည္းခ်က္ေတြကို အျမဲညည္းညဴျပေနမယ္ဆိုရင္ေတာ့ အဲ့တာေတြကို သတိထားမိလာျပီး ရွံဳ႕ခ်စရာျဖစ္လာမွာပါ ။

(၂)အျမဲအျပစ္ရွာေနတာ

အရမ္းအေတြးလြန္တာေတြ စိတ္ပူပန္မွဳေတြကလည္း သင့္ခ်စ္သူကို စိတ္အေနွာင့္အယွက္ျဖစ္လာေစမွာပါ ။ သင့္ဘက္ကေတာ့ သ၀န္တိုတာေတြ ၊ စိတ္ပူပန္လို႕ ဟိုေနရာမသြားရ ၊ ဒီေနရာမသြားရ ထိန္းခ်ဳပ္တာေတြကို အရမ္းခ်စ္လို႕ လုပ္တာဆိုေပမယ့္ သင့္ခ်စ္သူဘက္ကေတာ့ ျကာလာတာနဲ႕အမွ် ေစာင့္ျကည့္ ထိန္းခ်ဳပ္ခံေနရသလိုျဖစ္လာျပီး သင့္ကို စိတ္ကုန္လာမွာပါ။

(၃)အျခားလူေတြနဲ႕ အျမဲနွိဳင္းယွဥ္ျပီးအျပစ္တင္ေနတာ

ဒီလိုအမူအက်င့္ရွိျခင္းကလည္း သင့္ခ်စ္သူရဲ႕ စိတ္ကို အျမဲမလံုမလဲျဖစ္ေစပါတယ္ ။ သူလည္း သင့္ဆီက အေကာင္းျမင္မွဳကိုလိုခ်င္ျကမွာပါ ။ ျကာလာတာနဲ႕အမွ် သင္နဲ႕အတူရွိေနရတဲ့ အခ်ိန္ေတြမွာ ေပ်ာ္မွာမဟုတ္ေတာ့ပါဘူး ။ ဒါ့ေျကာင့္ တစ္ျခားလူေတြနဲ႕ နွိဳင္းယွဥ္ေျပာဆိုမိေနတာကို ရပ္ျပီး သင့္ခ်စ္သူအေပၚမွာပဲ အာရံုစိုက္ျပီး ေပ်ာ္ရႊင္ေနသင့္ပါတယ္ ။ လူတိုင္းကျပည့္စံုတယ္မရွိသလို သင္နွိဳင္းယွဥ္မိေနတဲ့ဲသူေတြကလည္း သင့္ခ်စ္သူကို အားက်ခ်င္က်ေနျကမွာပါ ။

(၄)သင့္ခံစားခ်က္ေတြကို ထုတ္မေျပာပဲ သူသိမလားလုိ႕ေမွ်ာ္လင့္ေနတာ

မိန္းကေလးေတြရဲ႕ အခ်စ္ေရးမွာ ဒီလို စိတ္ခံစားခ်က္မ်ိဳးျကီးရွိေနျခင္းက အဆိုးဆံုးပါပဲ ။ အတြဲအမ်ားစုအေျကာင္းျပခ်က္မ်ားမ်ားစားစား မရွိပဲ ျပတ္ဆဲျက ၊ ရန္ခဏခဏ ျဖစ္ေနျကရတာဟာ ဒီအေျကာင္းေျကာင့္ပါပဲ ။ ေယာက်ာ္းေလးေတြက အရာရာတိုင္းမွာ မိန္းကေလးေတြနဲ႕ တူညီတဲ့အျမင္မ်ိဳးမရွိျကပါဘူး ။ ဒါ့ေျကာင့္ အလိုက္တသိလုပ္ေပးမလားလို႕ ေမွ်ာ္လင့္ေနျခင္းထက္ တစ္ေယာက္နဲ႕တစ္ေယာက္ ပြင့္ပြင့္လင္းလင္းေနလိုက္တာက သင္တို႕အခ်စ္ေရးအတြက္ အေကာင္းဆံုးပါပဲ ။ တစ္စံုတစ္ေယာက္ဆီက ေမွ်ာ္လင့္စောင့္စားေနရတယ္ဆိုတာလည္း ပင္ပန္းပါတယ္ ။ သင့္ခ်စ္သူကလည္း သင္ျဖစ္ခ်င္တာေတြကို ခန္႕မွန္းေနရတာထက္ သင့္ဆီက ပြင့္ပြင့္လင္းလင္း ေျပာျပလာဖို႕ေမွ်ာ္လင့္ေနမွာပါ ။

CRD-auntymay

UNICODE

သင်မသိလိုက်ပေမယ့် သင့်ချစ်သူကို စိတ်ကုန်သွားစေနိုင်တဲ့ အပြုအမူများ

သင်တို့ချစ်သူနှစ်ဦးမှာ အချစ်ရေးက အမြဲအဆင်ပြေချောမွေ့နေရင်တော့ အကောင်းဆုံးပါပဲ ။ ဒါပေမယ့် တစ်ခါတစ်လေမှာ သင့်ဘက်ကောတာ့ အဆင်ပြေနေတယ်ထင်ပေမယ့် သင့်ချစ်သူက ဒီအချစ်ရေးကို စိတ်ကုန်နေတဲ့ ပုံစံမျိုးပြလာတတ်ပါတယ် ။ ဒါဘာကြောင့်လဲဆိုတော့ သင့်ဘက်က မသိလိုက်ပေမယ့် သင့်ချစ်သူဘက်ကို စိတ်ကုန်စေတဲ့ အပြုအမူမျိုးတွေ လုပ်မိနေလို့ပါ ။ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဒီလို အပြုအမူမျိုးတွေ လုပ်မိနေပြီလားလို့ပြန်စဉ်းစားကြည့်လိုက်ပါ ။ တစ်ကယ်လို့ အချက်အနည်းငယ်နဲ့ တူနေပြီဆိုရင်တော့ အခုချိန်တည်းက ပြင်ဆင်ပြီးနေလိုက်တာက နှစ်ယောက်လုံးရဲ့ အချစ်ရေးကို တည်မြဲစေမှာပါ…

(၁)ကိုယ့်ကိုယ်ကို ဝေဖန်ပြီး အမြဲစိတ်တိုင်းမကျဖြစ်နေတာ

လူတိုင်းကတော့ ကိုယ့်ကိုယ်ကို စိတ်တိုင်းကျတယ်ဆိုတာတော့မရှိပါဘူး ။ ဒါပေမယ့် လူတိုင်းက သူတို့ရဲ့ အားနည်းချက်တွေကိုပဲ အာရုံစိုက်ပြီးညည်းညူနေမှာမဟုတ်ဘူးဆိုတာတော့ သိထားရပါမယ် ။ ဒီအတိုင်းပါပဲ သင့်ချစ်သူကလည်း သင့်ရဲ့ အားနည်းချက်တွေကို အမြဲမြင်နေ ၊ အာရုံထားနေတတ်တာ မဟုတ်ပေမယ့် သူတောင် သတိမထားမိတဲ့ သင့်ရဲ့ အားနည်းချက်တွေကို အမြဲညည်းညူပြနေမယ်ဆိုရင်တော့ အဲ့တာတွေကို သတိထားမိလာပြီး ရှုံ့ချစရာဖြစ်လာမှာပါ ။

(၂)အမြဲအပြစ်ရှာနေတာ

အရမ်းအတွေးလွန်တာတွေ စိတ်ပူပန်မှုတွေကလည်း သင့်ချစ်သူကို စိတ်အနှောင့်အယှက်ဖြစ်လာစေမှာပါ ။ သင့်ဘက်ကတော့ သဝန်တိုတာတွေ ၊ စိတ်ပူပန်လို့ ဟိုနေရာမသွားရ ၊ ဒီနေရာမသွားရ ထိန်းချုပ်တာတွေကို အရမ်းချစ်လို့ လုပ်တာဆိုပေမယ့် သင့်ချစ်သူဘက်ကတော့ ကြာလာတာနဲ့အမျှ စောင့်ကြည့် ထိန်းချုပ်ခံနေရသလိုဖြစ်လာပြီး သင့်ကို စိတ်ကုန်လာမှာပါ။

(၃)အခြားလူတွေနဲ့ အမြဲနှိုင်းယှဉ်ပြီးအပြစ်တင်နေတာ

ဒီလိုအမူအကျင့်ရှိခြင်းကလည်း သင့်ချစ်သူရဲ့ စိတ်ကို အမြဲမလုံမလဲဖြစ်စေပါတယ် ။ သူလည်း သင့်ဆီက အကောင်းမြင်မှုကိုလိုချင်ကြမှာပါ ။ ကြာလာတာနဲ့အမျှ သင်နဲ့အတူရှိနေရတဲ့ အချိန်တွေမှာ ပျော်မှာမဟုတ်တော့ပါဘူး ။ ဒါ့ကြောင့် တစ်ခြားလူတွေနဲ့ နှိုင်းယှဉ်ပြောဆိုမိနေတာကို ရပ်ပြီး သင့်ချစ်သူအပေါ်မှာပဲ အာရုံစိုက်ပြီး ပျော်ရွှင်နေသင့်ပါတယ် ။ လူတိုင်းကပြည့်စုံတယ်မရှိသလို သင်နှိုင်းယှဉ်မိနေတဲ့ဲသူတွေကလည်း သင့်ချစ်သူကို အားကျချင်ကျနေကြမှာပါ ။

(၄)သင့်ခံစားချက်တွေကို ထုတ်မပြောပဲ သူသိမလားလို့မျှော်လင့်နေတာ

မိန်းကလေးတွေရဲ့ အချစ်ရေးမှာ ဒီလို စိတ်ခံစားချက်မျိုးကြီးရှိနေခြင်းက အဆိုးဆုံးပါပဲ ။ အတွဲအများစုအကြောင်းပြချက်များများစားစား မရှိပဲ ပြတ်ဆဲကြ ၊ ရန်ခဏခဏ ဖြစ်နေကြရတာဟာ ဒီအကြောင်းကြောင့်ပါပဲ ။ ယောကျာ်းလေးတွေက အရာရာတိုင်းမှာ မိန်းကလေးတွေနဲ့ တူညီတဲ့အမြင်မျိုးမရှိကြပါဘူး ။ ဒါ့ကြောင့် အလိုက်တသိလုပ်ပေးမလားလို့ မျှော်လင့်နေခြင်းထက် တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနေလိုက်တာက သင်တို့အချစ်ရေးအတွက် အကောင်းဆုံးပါပဲ ။ တစ်စုံတစ်ယောက်ဆီက မျှော်လင့်စောင့်စားနေရတယ်ဆိုတာလည်း ပင်ပန်းပါတယ် ။ သင့်ချစ်သူကလည်း သင်ဖြစ်ချင်တာတွေကို ခန့်မှန်းနေရတာထက် သင့်ဆီက ပွင့်ပွင့်လင်းလင်း ပြောပြလာဖို့မျှော်လင့်နေမှာပါ ။

Loading...