ဇနီးျဖစ္သူရဲ့ေမြးေန့မွာ မ်က္ၾကည္လႊာလွဴဒါန္းျပီး ကုသိုလ္ယူခဲ့တဲ့ ညီနႏၵ

0
3808

ဗ်ိဳက္နဲ့ ညီနႏၵတို့ ညီအစ္ကိုနွစ္ေယာက္က တစ္ခ်ိန္က မိန္းကေလးပရိသတ္ေတြ သည္းသည္းလႈပ္အားေပးခဲ့ရတဲ့ သရုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ ဗ်ိုက္ကေတာ့ ကြယ္လြန္သြားတာ အေတာ္ၾကာျပီ ျဖစ္ေပမယ့္ ညီနႏၵကေတာ့ အခုခ်ိန္ထိတိုင္ သူခ်စ္တဲ့ အနုပညာနယ္ပယ္ထဲမွာ က်င္လည္ေနဆဲ ျဖစ္ပါတယ္။ ညီနႏၵက အနုပညာေလာကကေန ေခတၱေပ်ာက္ကြယ္သြားေပမယ့္ အခုဆိုရင္ေတာ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ ဇာတ္လမ္းတြဲေတြမွာ လက္မလည္ေအာင္ သရုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၁) ရက္ေန့ကေတာ့ သရုပ္ေဆာင္ ညီနႏၵရဲ့ ဇနီး မနန္းထိုက္ေအာင္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ဇနီးျဖစ္သူရဲ့ ေမြးေန့မွာ ညီနႏၵတို့ ဇနီးေမာင္နွံနွစ္ေယာက္စလံုးက ေကာင္းမႈကုသိုလ္ေတြလုပ္ျပီး ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ဒါ့အျပင္ ညီနႏၵတို့ ဇနီးေမာင္နွံက အမ်ိဳးသား မ်က္စိဘဏ္မွာ မ်က္ၾကည္လႊာ လွဴဒါန္းျပီး ကုသိုလ္ယူခဲ့ေၾကာင္းကို “ဒီေန႔ ကၽြန္ေတာ့မိန္းမရဲ႕ေမြးေန႔မွာ ကြ်န္ေတာ္တို႔ႏွစ္ေယာက္အတူတူ မ်က္ၾကည္လႊာ လွဴျဖစ္ခဲ့ပါတယ္…🙏🙏🙏” ဆိုျပီး ညီနႏၵက သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားပါတယ္။

ညီနႏၵက အခုဆိုရင္ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ လုပ္ကိုင္ရင္း သမီးေလးတစ္ေယာက္နဲ့ အတူတူ သာယာေပ်ာ္ရႊင္ဖြယ္ မိသားစုေလး အျဖစ္ တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ညီနႏၵတို့ ဇနီးေမာင္နွံကေတာ့ မ်က္ၾကည္လႊာလွဴဒါန္းျပီး ေကာင္းမွႈကုသလိုလ္ေတြ လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ညီနႏၵတို့ ဇနီးေမာင္နွံရဲ့ အလွဴေလးကို သာဓုေခၚေပးၾကဖို့ မေမ့ပါနဲ့ေနာ္။

CRD-Momolay

UNICODE

ဇနီးဖြစ်သူရဲ့မွေးနေ့မှာ မျက်ကြည်လွှာလှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ ညီနန္ဒ

ဗျိုက်နဲ့ ညီနန္ဒတို့ ညီအစ်ကိုနှစ်ယောက်က တစ်ချိန်က မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခဲ့ရတဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဗျိုက်ကတော့ ကွယ်လွန်သွားတာ အတော်ကြာပြီ ဖြစ်ပေမယ့် ညီနန္ဒကတော့ အခုချိန်ထိတိုင် သူချစ်တဲ့ အနုပညာနယ်ပယ်ထဲမှာ ကျင်လည်နေဆဲ ဖြစ်ပါတယ်။ ညီနန္ဒက အနုပညာလောကကနေ ခေတ္တပျောက်ကွယ်သွားပေမယ့် အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ လက်မလည်အောင် သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ကတော့ သရုပ်ဆောင် ညီနန္ဒရဲ့ ဇနီး မနန်းထိုက်အောင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူရဲ့ မွေးနေ့မှာ ညီနန္ဒတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက ကောင်းမှုကုသိုလ်တွေလုပ်ပြီး ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ညီနန္ဒတို့ ဇနီးမောင်နှံက အမျိုးသား မျက်စိဘဏ်မှာ မျက်ကြည်လွှာ လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြောင်းကို “ဒီနေ့ ကျွန်တော့မိန်းမရဲ့မွေးနေ့မှာ ကျွန်တော်တို့နှစ်ယောက်အတူတူ မျက်ကြည်လွှာ လှူဖြစ်ခဲ့ပါတယ်…🙏🙏🙏” ဆိုပြီး ညီနန္ဒက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ညီနန္ဒက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်ရင်း သမီးလေးတစ်ယောက်နဲ့ အတူတူ သာယာပျော်ရွှင်ဖွယ် မိသားစုလေး အဖြစ် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ညီနန္ဒတို့ ဇနီးမောင်နှံကတော့ မျက်ကြည်လွှာလှူဒါန်းပြီး ကောင်းမှှုကုသလိုလ်တွေ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ညီနန္ဒတို့ ဇနီးမောင်နှံရဲ့ အလှူလေးကို သာဓုခေါ်ပေးကြဖို့ မမေ့ပါနဲ့နော်။

Loading...