
0
24837






CRD-Momolay

UNICODE

မင်္ဂလာပွဲကပုံတွေ ထုတ်ပြလိုက်တဲ့ အသစ်စက်စက် သတို့သားလေး Justin Bieber

ကမ္ဘာကျော်အဆိုတော် Justin Bieber နဲ့ အလန်းစားမော်ဒယ်မလေး Hailey Baldwin တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကပဲ တရားဝင် မင်္ဂလာပွဲကျင်းပခဲ့ပြီး ပရိသတ်တွေအကုန်လုံးကို Surprise ဖြစ်စေခဲ့တာပါ။ အရမ်းကို ဟော့တဲ့ ဇနီးချောလေးကို ပိုင်ဆိုင်လိုက်ရတဲ့ အသစ်စက်စက် သတို့သားလေး Justin Bieber ကတော့ ရပ်တန့်လို့မရနိုင်တော့လောက်အောင် ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ Justin Bieber က သူနဲ့ ချစ်ဇနီးလေး Hailey Bieber တို့ရဲ့ မင်္ဂလာပွဲက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှတဆင့် ထုတ်ပြလိုက်တာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် အလှဆုံး ဇနီးချောလေးကို ပိုင်ဆိုင်လိုက်ရလို့ အပျော်ဆုံး သတို့သားတစ်ဦးဖြစ်နေတဲ့ Justin Bieber ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Justin Bieber ကတော့ “My bride is 🔥” ဆိုပြီး သူ့ရဲ့ချစ်ဇနီးလေးက အရမ်းဟော့ကြောင်းပြောပြီး မင်္ဂလာဆောင်က ပုံရိပ်တွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် အဆိုတော် Justin Bieber နဲ့ Hailey Baldwin တို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုတော့ မနေ့က စက်တင်ဘာလ ၃၀ ရက်နေ့က ချစ်ရခင်ရတဲ့ အရင်းနှီးဆုံး မိတ်ဆွေအနည်းငယ်နဲ့အတူ Romantic ဆန်ဆန် ကျင်းပပြုလုပ်ခဲ့တာပါနော်။

အရမ်းလှတဲ့ Hailey ကို ပိုင်ဆိုင်လိုက်ရတဲ့ Justin Bieber ကတော့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတစ်ဦး ဖြစ်နေတယ်ဆိုတာ သူ့ရဲ့အပြုံးတွေကိုကြည့်ရင် သိနိုင်ပါတယ်နော်။

ဖူးစာဆိုတာ ဆန်းကြယ်လွန်းတယ်လို့ပဲ ပြောရမှာပါပဲ။ Justin Bieberက ဇနီးဖြစ်သူ Hailey Baldwinနဲ့ အခုလို ဖူးစာမဆုံခင် လွန်ခဲ့တဲ့ နှစ်တွေကတည်းက အမှတ်တမဲ့ တွေ့ဆုံမှုအဖြစ်သာ တွေ့ခဲ့ဖူးတဲ့ ပုံတွေကို ပြန်တင်ရင်း ကြည်နူးနေတာလည်း တွေ့ရပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို Romantic ဆန်လွန်းတဲ့ Justin Bieber နဲ့ Hailey Bieber တို့နှစ်ဦးရဲ့မင်္ဂလာပွဲက ပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Loading...