ေအာက္တန္းက်တဲ့လူတစ္စုအေၾကာင္းကို ပြင့္ပြင့္လင္းလင္းေျပာလိုက္တဲ့ မယ္လိုဒီ

0
41990

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က ေမေမမယ္လိုဒီတစ္ေယာက္ကေတာ့ Brand you ကေန က်င္းပတဲ့ The brand in you seminar မွာ ပါဝင္ေဆြးေႏြးခဲ့ပါတယ္။ ဒီအစီအစဥ္ေလးဟာ ကိုယ့္ရဲ႕အေတြ႕အႀကဳံ ေတြနဲ႔ယွဥ္ၿပီး အသိပညာဗဟုသုတေတြေပးတဲ့ အစီအစဥ္ေလး ျဖစ္ၿပီး လူေတာ္ေတာ္မ်ားမ်ားကလည္း စိတ္ဝင္စားခဲ့ၾကပါတယ္။ နာမည္ႀကီးစာေရးဆရာမေတြနဲ႔အတူ မယ္လိုဒီက ဝင္ေရာက္ ေဆြးေႏြးခဲ့တာပဲျဖစ္ပါတယ္။

ပြဲေန႔မွာ သူကမေတာ့တစ္သားေမြးတစ္ေသြးပိုပိုလွေနသူမို႔ အရမ္းကိုက်က္သေရရွိတဲ့ ျမန္မာဆန္ဆန္ ပုံရိပ္ေလးေတြနဲ႔ ၾကည့္ေကာင္းလြန္းေနပါတယ္။ ဘုရားတရားကိုင္းရႈိင္းတဲ့ သားေလးကိုပိုင္ဆိုင္ထားၿပီး ညတိုင္းပဌာန္း႐ြတ္ေပးမွ အိပ္တတ္တဲ့ သားလိမၼာေလးေၾကာင့္ ေမေမမယ္လိုဒီကေတာ့ ကုသိုလ္ေတြရၿပီးရင္းကို ရေနေတာ့တာပါပဲ ပရိသတ္ႀကီးေရ။

ဒီေန႔မွာေတာ့ ပြဲမွာေဆြးေႏြးခဲ့တဲ့ သူမရဲ႕ပုံရိပ္ေလးနဲ႔ ” လူငယ္မို႔ dream ရွိတာသေဘာက်တယ္ ဒါေပမယ့္ ေအာက္တန္းစားdream ေတာ့မျဖစ္ေစနဲ႔ေလ သူမ်ားမေကာင္းေၾကာင္းတည့္ခင္းဧည့္ခံ တတ္တဲ့လူငယ္က ႀကီးလာလည္း ေအာက္တန္းစား လူႀကီးဘဲ ျဖစ္လာမွာဘဲ သိဖို႔ ေက်းဇူးမတင္ရင္ေန ေက်းမစြပ္နဲ႔ ” ဆိုၿပီး ေရးသားထားတာပဲျဖစ္ပါတယ္။ ေက်းဇူးတရားကိုမသိ တတ္ပဲ ေက်းစြတ္တတ္တဲ့လူမ်ိဳးေတြအတြက္ ေမေမမယ္လိုဒီကေတာ့ ဒဲ့ကစ္လိုက္ပါၿပီေနာ္။

Photo – Melody Myo,CRD-Cele Gabar

UNICODE

အောက်တန်းကျတဲ့လူတစ်စုအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ မယ်လိုဒီ

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မေမေမယ်လိုဒီတစ်ယောက်ကတော့ Brand you ကနေ ကျင်းပတဲ့ The brand in you seminar မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဒီအစီအစဉ်လေးဟာ ကိုယ့်ရဲ့အတွေ့အကြုံ တွေနဲ့ယှဉ်ပြီး အသိပညာဗဟုသုတတွေပေးတဲ့ အစီအစဉ်လေး ဖြစ်ပြီး လူတော်တော်များများကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ နာမည်ကြီးစာရေးဆရာမတွေနဲ့အတူ မယ်လိုဒီက ဝင်ရောက် ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။

ပွဲနေ့မှာ သူကမတော့တစ်သားမွေးတစ်သွေးပိုပိုလှနေသူမို့ အရမ်းကိုကျက်သရေရှိတဲ့ မြန်မာဆန်ဆန် ပုံရိပ်လေးတွေနဲ့ ကြည့်ကောင်းလွန်းနေပါတယ်။ ဘုရားတရားကိုင်းရှိုင်းတဲ့ သားလေးကိုပိုင်ဆိုင်ထားပြီး ညတိုင်းပဌာန်းရွတ်ပေးမှ အိပ်တတ်တဲ့ သားလိမ္မာလေးကြောင့် မေမေမယ်လိုဒီကတော့ ကုသိုလ်တွေရပြီးရင်းကို ရနေတော့တာပါပဲ ပရိသတ်ကြီးရေ။

ဒီနေ့မှာတော့ ပွဲမှာဆွေးနွေးခဲ့တဲ့ သူမရဲ့ပုံရိပ်လေးနဲ့ ” လူငယ်မို့ dream ရှိတာသဘောကျတယ် ဒါပေမယ့် အောက်တန်းစားdream တော့မဖြစ်စေနဲ့လေ သူများမကောင်းကြောင်းတည့်ခင်းဧည့်ခံ တတ်တဲ့လူငယ်က ကြီးလာလည်း အောက်တန်းစား လူကြီးဘဲ ဖြစ်လာမှာဘဲ သိဖို့ ကျေးဇူးမတင်ရင်နေ ကျေးမစွပ်နဲ့ ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ ကျေးဇူးတရားကိုမသိ တတ်ပဲ ကျေးစွတ်တတ်တဲ့လူမျိုးတွေအတွက် မေမေမယ်လိုဒီကတော့ ဒဲ့ကစ်လိုက်ပါပြီနော်။

Loading...