
0
2498




Photo Credit – Khay Sett Thwin’s Facebook,CRD-Myanmarload

UNICODE

ဆေးခန်းမှာအကြောဆေးသွင်းရတဲ့အထိ နေမကောင်းဖြစ်နေတဲ့ ခေးဆက်သွင်

ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေကြားမှာ နေရာယူထားသူလေးကတော့ သရုပ်ဆောင် ခေးဆက်သွင်ပါ။ သူမကတော့ ရိုးရိုးယဉ်ယဉ်လေးနဲ့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ဝတ်စားဆင်ယင်သူတစ်ယောက်ဖြစ်တာကြောင့် အားလုံးရဲ့အချစ်တွေကို ရရှိထားသူပါ။ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေရတာပါ။

မကြာသေးခင်က ပြသခဲ့တဲ့ ” နှင်းဆီ ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲတွင် နှင်းဆိုတဲ့ ကောင်မလေးနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းတွေကို ရရှိခဲ့သူပါ။ သူမရဲ့လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိသူပါ။ အခုတစ်ခေါက်တွင်လည်း သူမရဲ့ကျန်းမာရေးအခြေနေလေးကို တင်ထားတာပါ။

သူမကတော့ အလုပ်တွေတောက်လျှောက်လုပ်နေရတာကြောင့် ဆေးခန်းမှာဆေးသွင်းနေရတာပါ။ ဒီပုံရိပ်လေးကို သူမရဲ့Facebook Myday လေးမှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

Loading...