ေမြးေန့မွာ မြန္လံုျခည္ေလးဝတ္ျပီး အလွဆံုးျဖစ္ေနတဲ့ ေဝလာရီ

0
357

မြန္မေလး ေဝလာရီက ခ်စ္စရာေကာင္းတဲ့ အမူအယာေလးေတြနဲ့ ပရိသတ္ေတြ မခ်စ္ပဲ မေနနိုင္ေအာင္ စြဲေဆာင္နိုင္သူေလး ျဖစ္ပါတယ္။ ေဝလာရီက လူေလးလွရံုသာမက သရုပ္ေဆာင္လည္း ေကာင္းမြန္တာေၾကာင့္ သူမရဲ့ ပထဆံုး ဇာတ္လမ္းတြဲျဖစ္တဲ့ “နွင္းဆီ” ဇာတ္လမ္းတြဲနဲ့တင္ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ထိုဇာတ္လမ္းတြဲနဲ့ ေအာင္ျမင္ခဲ့တဲ့ ေဝလာရီက အခုဆိုရင္ အနုပညာလုပ္ငန္းေတြကို လက္မလည္ေအာင္ ရိုက္ကူးေနရျပီပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၁) ရက္ေန့ကေတာ့ ခ်စ္စရာေကာင္းတဲ့ မြန္မင္းသမီးေလး ေဝလာရီရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေဝလာရီက သူမရဲ့ အသက္ (၂၂) နွစ္ျပည့္ ေမြးေန့ေလးကို ခ်စ္ရတဲ့ မိသားစုေတြ၊ ပရိသတ္ေတြနဲ့ ကုသိုလ္ေတြယူရင္း ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။

ေဝလာရီက သူမရဲ့ ေမြးေန့ေလးမွာ မနက္ပိုင္းကို ေရႊတိဂံုဘုရား တက္ေရာက္ဖူးေျမွာ္ခဲ့ျပီး ညေနပိုင္းမွာေတာ့ စြယ္ေတာ္ျမတ္ဘုရားကို တက္ေရာက္ဖူးေျမွာ္ျပီး ကုသိုလ္ေတြယူခဲ့ပါတယ္လို့ သိရပါတယ္။ေဝလာရီက “အတူတူ ပါရမီျဖည့္ေပးၾကတဲ့ ေဝလာရီ ရဲ႕ မိသားစု၊ Fans ေတြနဲ႔ ခ်စ္ပရိသတ္မ်ားအားလံုးကို ေက်းဇူးအထူးတင္ပါတယ္ေနာ္။ ဒီႏွစ္ေမြးေန႔ေလး စိတ္ၾကည္ႏူးၿပီး အရမ္းေပ်ာ္ရႊင္ရပါတယ္.. 🦋💙” ဆိုျပီး ေက်းဇူးတင္စကားေလး ေျပာထားပါတယ္။

ေဝလာရီကေတာ့ သူမရဲ့ ေမြးေန့ေလးမွာ မိသားစုေတြ၊ ပရိသတ္ေတြနဲ့ ေကာင္းမႈကုသိုလ္ေတြ အတူတူ လုပ္ရင္း ေပ်ာ္ရႊင္ေနတာပဲ ျဖစ္ပါတယ္။ပရိသတ္ၾကီးလည္း ေဝလာရီအတြက္ ေမြးေန့ဆုေတာင္းစကားေလး ေျပာခဲ့ၾကဖို့ မေမ့ပါနဲ့ေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။

CRD-Momolay

UNICODE

မွေးနေ့မှာ မွန်လုံခြည်လေးဝတ်ပြီး အလှဆုံးဖြစ်နေတဲ့ ဝေလာရီ

မွန်မလေး ဝေလာရီက ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ ပရိသတ်တွေ မချစ်ပဲ မနေနိုင်အောင် စွဲဆောင်နိုင်သူလေး ဖြစ်ပါတယ်။ ဝေလာရီက လူလေးလှရုံသာမက သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် သူမရဲ့ ပထဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့တင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲနဲ့ အောင်မြင်ခဲ့တဲ့ ဝေလာရီက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁) ရက်နေ့ကတော့ ချစ်စရာကောင်းတဲ့ မွန်မင်းသမီးလေး ဝေလာရီရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝေလာရီက သူမရဲ့ အသက် (၂၂) နှစ်ပြည့် မွေးနေ့လေးကို ချစ်ရတဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့ ကုသိုလ်တွေယူရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

ဝေလာရီက သူမရဲ့ မွေးနေ့လေးမှာ မနက်ပိုင်းကို ရွှေတိဂုံဘုရား တက်ရောက်ဖူးမြှော်ခဲ့ပြီး ညနေပိုင်းမှာတော့ စွယ်တော်မြတ်ဘုရားကို တက်ရောက်ဖူးမြှော်ပြီး ကုသိုလ်တွေယူခဲ့ပါတယ်လို့ သိရပါတယ်။ဝေလာရီက “အတူတူ ပါရမီဖြည့်ပေးကြတဲ့ ဝေလာရီ ရဲ့ မိသားစု၊ Fans တွေနဲ့ ချစ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော်။ ဒီနှစ်မွေးနေ့လေး စိတ်ကြည်နူးပြီး အရမ်းပျော်ရွှင်ရပါတယ်.. 🦋💙” ဆိုပြီး ကျေးဇူးတင်စကားလေး ပြောထားပါတယ်။

ဝေလာရီကတော့ သူမရဲ့ မွေးနေ့လေးမှာ မိသားစုတွေ၊ ပရိသတ်တွေနဲ့ ကောင်းမှုကုသိုလ်တွေ အတူတူ လုပ်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဝေလာရီအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Loading...