
0
310




Source- Lwin Moe( Liam’s Fans Group),CRD-Myanmarload

UNICODE

အင်္ဂလိပ်အက္ခရာလေးတွေကိုမပီကလာလေးနဲ့ရွတ်ဆိုပြနေတဲ့ Liam လေးရဲ့Video လေး

လီလီလုံးလေးဆိုပြီး ပရိသတ်တွေချစ်စနိုးနဲ့ခေါ်နေကြသူလေးကတော့ မော်ဒယ်ယွန်းဝတီလွင်မိုးရဲ့တစ်ဦးတည်းသောသားလေး လွင်ထက်(ခ)Liam လေးပဲ ဖြစ်ပါတယ်။ သားလေးဟာ အသက်ငယ်ငယ်လေးနဲ့သူ့ကိုချစ်ကြတဲ့ပရိသတ်တွေ ဒုနဲ့ဒေးရှိနေတာပါ။ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာလည်း ပရိသတ်တွေအားလုံးကို ချစ်မဝဖြစ်စေတာပါ။

သားလေးဟာ အသက်တစ်နှစ်နဲ့တစ်လကျော်ပြီပဲဖြစ်ပြီး လမ်းစလျှောက်တတ်နေပါပြီ။ ဒါ့အပြင် စကားလေးတွေလည်းနည်းနည်းချင်းစီစပြောတတ်နေပါပြီ။ လီလီလုံးလေးကိုတော့ ဖိုးဖိုးလွင်မိုးပေါက်စလေးလို့တောင် ပရိသတ်တွေက ခေါ်ဆိုနေကြတာပါ။

အခုတစ်ခါမှာလည်း အင်္ဂလိပ်အက္ခရာတွေကို မပီကလာအသံလေးနဲ့ဖိုးဖိုးကိုရွတ်ပြနေတာပါ။ ဒီဗီဒီယိုလေးကိုတော့ Liam လေးရဲ့ Fan Group ဖြစ်တဲ့ Liam’s Fans Group မှာတင်ထားတာပါ။ ပရိသတ်တွေအတွက် Liam လေးရဲ့ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Loading...