Paris Fashion Week တက္ေရာက္ခဲ့တဲ့ ေန့ရက္တုိင္းမွာ အေပ်ာ္ဆံုးျဖစ္ခဲ့တယ္ဆိုတဲ့ ေနျခည္ဦး

0
175

ျမန္မာနိုင္ငံရဲ့ Social Influencer တစ္ဦးျဖစ္တဲ့ ေနျခည္ဦးက Make Up Blogger တစ္ဦးအျဖစ္သာမက သရုပ္ေဆာင္တစ္ေယာက္အျဖစ္ပါ ေအာင္ျမင္သူေလး ျဖစ္ပါတယ္။ ေနျခည္ဦးက (၃) နွစ္ဆိုတဲ့ အခ်ိန္တိုေလးအတြင္းမွာ ေအာင္ျမင္မႈေတြမ်ားစြာ ရရိွခဲ့ျပီး ပရိသတ္အခိုင္အမာ ရရိွခဲ့တာ ျဖစ္ပါတယ္။ ေနျခည္ဦးက လက္ရိွမွာ ရုပ္ရွင္ဇာတ္ကားၾကီးေတြ ဆက္တိုက္ရုိက္ကူးေနျပီး အျခားေသာ လုပ္ငန္းမ်ားကိုလည္း လက္မလည္ေအာင္ လုပ္ကို္င္ေနသူေလး ျဖစ္ပါတယ္။

ေနျခည္ဦးက လြန္ခဲ့တဲ့ ရက္ပိုင္းက ျပင္သစ္နို္င္ငံ ပဲရစ္ျမိဳ့မွာ က်င္းပျပုလုပ္ခဲ့တဲ့ Paris Fashion Week 2019 ပြဲၾကီးကို L’Oreal နဲ့အတူတူ ျမန္မာနို္င္ငံ ကိုယ္စားျပဳအျဖစ္ တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ နုိင္ငံတကာက နာမည္ၾကီး အနုပညာရွင္ေတြ၊ Make Up Artist ေတြနဲ့ Fashion Designer ေတြ စံုညီစြာ တက္ေရာက္ခဲ့တဲ့ ထိုပြဲၾကီးကို ျမန္မာနို္င္ငံသူေလး ေနျခည္ဦးကလည္း တက္ေရာက္ခဲ့လို့ ပရိသတ္ေတြက စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။

ဒီေန့မွာေတာ့ ေနျခည္ဦးက Paris Fashion Week 2019 ပြဲၾကီးရဲ့ ေနာက္ဆံုးေန့မွာ L’oreal ရဲ႕ Global Makeup Director နဲ႕ေတြ႕ဆံုခြင့္ရခဲ့တဲ့အေၾကာင္းကုိ အခုလိုပဲ ေျပာျပထားပါတယ္။ ” ေနျခည္တို႔ parisian apartment ႀကီးထဲမွာ L’oreal ကထြက္ရွိလာမယ့္ new products ေတြကို အရင္ဆံုးစမ္းသပ္ခြင့္ရခဲ့တယ္။ ပံုေလးေတြ video ေလးေတြလွလွေလးေတြ႐ိုက္ၿပီး influencers အခ်င္းခ်င္း စကားေတြေျပာ follow ေတြအခ်င္းခ်င္းျပန္လုပ္ၾကနဲ႕ တကယ့္ကို ေပ်ာ္စရာေကာင္းတဲ့ ေနာက္ဆံုးရက္ေလးျဖစ္ခဲ့ပါတယ္။”

ဒါ့အျပင္ ေနျခည္ဦးက သူမရဲ့ Paris Fashion Week ကို တက္ေရာက္ခဲ့တဲ့ ဖက္ရွင္ေတြထဲက ဘယ္ဖက္ရွင္ေလးကို အၾကိဳက္ဆံုးလဲဆိုတာ သူမရဲ့ ခ်စ္ပရိသတ္ေတြကုိ ေမးထားပါတယ္။ေနျခည္ဦးကေတာ့ Paris Fashion Week ပြဲၾကီး တက္ေရာက္ခဲ့တဲ့ ေန့ရက္တိုင္းကို သူမဘက္က တန္ဖိုးထားျပီး ေသေသခ်ာခ်ာ ျပင္ဆင္ပြဲတက္ခဲ့တာကို ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း နိုင္ငံတကာက Celebrity ေတြၾကားမွာ ေနျခည္တစ္ေယာက္ ထင္ရွားလွပေနတာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။

CRD-Momolay

UNICODE

Paris Fashion Week တက်ရောက်ခဲ့တဲ့ နေ့ရက်တိုင်းမှာ အပျော်ဆုံးဖြစ်ခဲ့တယ်ဆိုတဲ့ နေခြည်ဦး

မြန်မာနိုင်ငံရဲ့ Social Influencer တစ်ဦးဖြစ်တဲ့ နေခြည်ဦးက Make Up Blogger တစ်ဦးအဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အောင်မြင်သူလေး ဖြစ်ပါတယ်။ နေခြည်ဦးက (၃) နှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပရိသတ်အခိုင်အမာ ရရှိခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေပြီး အခြားသော လုပ်ငန်းများကိုလည်း လက်မလည်အောင် လုပ်ကိုင်နေသူလေး ဖြစ်ပါတယ်။

နေခြည်ဦးက လွန်ခဲ့တဲ့ ရက်ပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Paris Fashion Week 2019 ပွဲကြီးကို L’Oreal နဲ့အတူတူ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာက နာမည်ကြီး အနုပညာရှင်တွေ၊ Make Up Artist တွေနဲ့ Fashion Designer တွေ စုံညီစွာ တက်ရောက်ခဲ့တဲ့ ထိုပွဲကြီးကို မြန်မာနိုင်ငံသူလေး နေခြည်ဦးကလည်း တက်ရောက်ခဲ့လို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေခြည်ဦးက Paris Fashion Week 2019 ပွဲကြီးရဲ့ နောက်ဆုံးနေ့မှာ L’oreal ရဲ့ Global Makeup Director နဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။ ” နေခြည်တို့ parisian apartment ကြီးထဲမှာ L’oreal ကထွက်ရှိလာမယ့် new products တွေကို အရင်ဆုံးစမ်းသပ်ခွင့်ရခဲ့တယ်။ ပုံလေးတွေ video လေးတွေလှလှလေးတွေရိုက်ပြီး influencers အချင်းချင်း စကားတွေပြော follow တွေအချင်းချင်းပြန်လုပ်ကြနဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့ နောက်ဆုံးရက်လေးဖြစ်ခဲ့ပါတယ်။”

ဒါ့အပြင် နေခြည်ဦးက သူမရဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ ဖက်ရှင်တွေထဲက ဘယ်ဖက်ရှင်လေးကို အကြိုက်ဆုံးလဲဆိုတာ သူမရဲ့ ချစ်ပရိသတ်တွေကို မေးထားပါတယ်။နေခြည်ဦးကတော့ Paris Fashion Week ပွဲကြီး တက်ရောက်ခဲ့တဲ့ နေ့ရက်တိုင်းကို သူမဘက်က တန်ဖိုးထားပြီး သေသေချာချာ ပြင်ဆင်ပွဲတက်ခဲ့တာကို ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နိုင်ငံတကာက Celebrity တွေကြားမှာ နေခြည်တစ်ယောက် ထင်ရှားလှပနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Loading...