Shwe FM မွာဆုရတဲ့ေ႐ႊရင္ထိုးေလးနဲ႔ ေခြၽးနဲစာေလးထဲက(၁၀)သိန္းက်ပ္ကို သဒၵါတရားထက္သန္စြာလႉဒါန္းခဲ့တဲ့ အုပ္စိုးခန႔္

0
154

လူငယ္ပရိသတ္ေတြ တစ္ခဲနက္အားေပးဝန္းရံၾကတဲ့ ေတးသံရွင္အုပ္စိုးခန႔္ဟာဆိုရင္ လူငယ္အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး အသက္ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။အုပ္စိုးခန႔္ သီဆိုထားတဲ့ သီခ်င္းေလးေတြကလည္း ပရိသတ္ေတြရဲ႕အႀကိဳက္နဲ႔ထပ္တူက်လို႔ နားေထာင္တဲ့သူရဲ႕နားထဲမွာစြဲေစၿပီး မ႐ိုးသြားႏိုင္တဲ့သီခ်င္းေကာင္းေလးေတြျဖစ္ပါတယ္။

အုပ္စိုးခန႔္က ေနာက္ထပ္လည္းသီခ်င္းေကာင္းမ်ားစြာကို ဆက္လက္ဖန္တီးေနၿပီး ပရိသတ္ေတြကလည္း သူရဲ႕သီခ်င္းတိုင္းကို အားေပးဖို႔အဆင္သင့္ပါပဲေနာ္။လက္တေလာမွာလည္း အုပ္စိုးခန႔္က “”Shwe FM” ရဲ႕ (၁၀) ႏွစ္ျပည့္အထိမ္းအမွတ္ ဆုေပးပြဲႀကီးမွာ ” The Number One ” Album ေလးနဲ႔ မ်က္ႏွာသစ္အႏုပညာရွင္ဆုကို ဆြတ္ခူးရရွိခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ အုပ္စိုးခန႔္က”ဒီေန႔အလႉေလး…Shwe FM ကရတဲ့ ေ႐ႊရင္ထိုးေလး။ေခြၽးနဲစာေလးထဲက (၁၀)သိန္းက်ပ္။သစ္သီး။တို႔ကို ဘုန္းဘုန္းေက်ာင္းကို သြားေရာက္ ကန္ေတာ့ခဲ့ပါတယ္ဗ်ာ”ဆိုၿပီး အႏုပညာေၾကးေလးေတြစုေဆာင္းထားတဲ့ထဲကေနၿပီး သဒၵါတရားထက္သန္စြာနဲ႔ လႉဒါန္းခဲ့ၿပီး ဘုန္းဘုန္းကိုလည္းေျခဆုပ္လက္နယ္လုပ္ေပးေနတဲ့ ပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

CRD-Myanmarload

UNICODE

Shwe FM မှာဆုရတဲ့ရွှေရင်ထိုးလေးနဲ့ ချွေးနဲစာလေးထဲက(၁၀)သိန်းကျပ်ကို သဒ္ဒါတရားထက်သန်စွာလှူဒါန်းခဲ့တဲ့ အုပ်စိုးခန့်

လူငယ်ပရိသတ်တွေ တစ်ခဲနက်အားပေးဝန်းရံကြတဲ့ တေးသံရှင်အုပ်စိုးခန့်ဟာဆိုရင် လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။အုပ်စိုးခန့် သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျလို့ နားထောင်တဲ့သူရဲ့နားထဲမှာစွဲစေပြီး မရိုးသွားနိုင်တဲ့သီချင်းကောင်းလေးတွေဖြစ်ပါတယ်။

အုပ်စိုးခန့်က နောက်ထပ်လည်းသီချင်းကောင်းများစွာကို ဆက်လက်ဖန်တီးနေပြီး ပရိသတ်တွေကလည်း သူရဲ့သီချင်းတိုင်းကို အားပေးဖို့အဆင်သင့်ပါပဲနော်။လက်တလောမှာလည်း အုပ်စိုးခန့်က “”Shwe FM” ရဲ့ (၁၀) နှစ်ပြည့်အထိမ်းအမှတ် ဆုပေးပွဲကြီးမှာ ” The Number One ” Album လေးနဲ့ မျက်နှာသစ်အနုပညာရှင်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ အုပ်စိုးခန့်က”ဒီနေ့အလှူလေး…Shwe FM ကရတဲ့ ရွှေရင်ထိုးလေး။ချွေးနဲစာလေးထဲက (၁၀)သိန်းကျပ်။သစ်သီး။တို့ကို ဘုန်းဘုန်းကျောင်းကို သွားရောက် ကန်တော့ခဲ့ပါတယ်ဗျာ”ဆိုပြီး အနုပညာကြေးလေးတွေစုဆောင်းထားတဲ့ထဲကနေပြီး သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းခဲ့ပြီး ဘုန်းဘုန်းကိုလည်းခြေဆုပ်လက်နယ်လုပ်ပေးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Loading...