” ခ်စ္တဲ့သူေတြနဲ႔အတူ ေက်ာင္းေဆာက္ရာမွာ ကုသိုလ္ယူမယ့္ ျမညိဳေလး “

0
320

မင္းသမီးေလး ျမတ္သူသူဇင္ ကေတာ့” ပ်ားရည္အိုင္” ဇာတ္လမ္းတြဲမွာ ျမညိဳဆိုတဲ့ဇာတ္ေကာင္နဲ႔ ဇာတ္လမ္းတြဲမင္းသမီးေလးဆိုကာ ပရိသတ္အားေပးမႈ အျပည့္အဝရရွိလာခဲ့တဲ့ သူေလးလို႔ ဆိုႏိုင္ပါတယ္။ ျမညိဳလို႔ ပရိသတ္ေတြမသိခင္ကတည္းက “ကံကံ၏အက်ိဳး”ဇာတ္လမ္းတြဲ ၊ခ်စ္ခြန္းေႁခြသီခ်စ္သူဆီ၊ ရတနာထဲကရတနာ ၊တို႔အျပင္ ဝကၤပါစံအိမ္ဇာတ္လမ္းတြဲေတြပါ တို႔မွာပါဝင္ခဲ့တဲ့သူေလးပါ။ လက္ရွိမွာလည္း MRTV- (4 ) မွာ ျပသလ်က္ရွိတဲ့ တတိယေျမာက္ဆုံမွတ္ ဇာတ္လမ္းတြဲမွာ ” ယြန္းေမခ” အျဖစ္ပါဝင္ထားျပန္ပါေသးတယ္။

႐ိုး႐ိုးယဥ္ယဥ္ေလးနဲ႔ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္တတ္သူေလးျဖစ္တဲ့အျပင္ ပရိသတ္ေတြအေပၚမွာလည္း တေလးတစားဆက္ဆံတတ္သူေလးပဲ ျဖစ္တာေၾကာင့္ ရန္ကုန္ပရိသတ္ေတြသာမက နယ္ပရိသတ္ေတြပါ အားေပးခ်စ္ခင္ေနၾကတာပါေနာ္။မၾကာေသးမီကလည္း ေငြေဆာင္ကမ္းေျခ သို႔ သြားေရာက္ကာအႏုပညာအလုပ္ေတြ လုပ္ေဆာင္ခဲ့ပါေသးတယ္။

ျမညိဳေလးကေတာ့ သူမရဲ႕ အခ်စ္ေရးကို ပရိသတ္ေတြအား ပြင့္ပြင့္လင္းလင္း ခ်ျပထားသူေလးျဖစ္ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်စ္ေရးေလးနဲ႔ ခ်စ္သူသက္တမ္း (၆)ႏွစ္ေက်ာ္လာခဲ့ၿပီလို႔ ဆိုရမွာပါ။ဘုရားသြားေက်ာင္းတက္ တူတူျဖတ္သန္းေလ့ရွိတာေၾကာင့္ ခရီးကျပန္လာလာခ်င္း ခ်စ္သူေကာင္ေလး ဘုန္းႀကီးဝတ္ေနတဲ့ ေက်ာင္းသို႔သြားေရာက္ခဲ့ကာ ” ရန္ကုန္ေရာက္တာနဲ႔ မိသားစုနဲ႔အတူ ဦးဇင္းတို႔ ၿငိမ္းခ်မ္းေရးေက်ာင္းတိုက္ဆီသြားခဲ့ပါတယ္။ေက်ာင္းေဆာက္အလႉအတြက္လည္း စီစဥ္ေနပါတယ္ ျမတ္သူနဲ႔အတူ ႏိုင္သေလာက္ စုေပါင္းကုသိုလ္ပါဝင္ႏိုင္ပါတယ္ရွင့္။သြားလႉတဲ့အခါလည္း အတူလိုက္ခဲ့ဖို႔ဖိတ္ေခၚပါတယ္ရွင့္။ ” ဆိုကာ ခ်စ္တဲ့ပရိသတ္ေတြကိုလည္း အလႉအတြက္ တိုက္တြန္း ေဆာ္ၾသခဲ့ပါတယ္။ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းၿပီး မြန္ျမတ္လွတဲ့ ျမညိဳေလးရဲ႕ စိတ္ထားေလးနဲ႔ အလႉအတြက္ သာဓုေခၚခဲ့ပါဦးေနာ္။

Source : Myat Thu Thu Zin,CRD-Cele Gabar

UNICODE

” ချစ်တဲ့သူတွေနဲ့အတူ ကျောင်းဆောက်ရာမှာ ကုသိုလ်ယူမယ့် မြညိုလေး “

မင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးလို့ ဆိုနိုင်ပါတယ်။ မြညိုလို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး”ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။ လက်ရှိမှာလည်း MRTV- (4 ) မှာ ပြသလျက်ရှိတဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားပြန်ပါသေးတယ်။

ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတာပါနော်။မကြာသေးမီကလည်း ငွေဆောင်ကမ်းခြေ သို့ သွားရောက်ကာအနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

မြညိုလေးကတော့ သူမရဲ့ အချစ်ရေးကို ပရိသတ်တွေအား ပွင့်ပွင့်လင်းလင်း ချပြထားသူလေးဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးနဲ့ ချစ်သူသက်တမ်း (၆)နှစ်ကျော်လာခဲ့ပြီလို့ ဆိုရမှာပါ။ဘုရားသွားကျောင်းတက် တူတူဖြတ်သန်းလေ့ရှိတာကြောင့် ခရီးကပြန်လာလာချင်း ချစ်သူကောင်လေး ဘုန်းကြီးဝတ်နေတဲ့ ကျောင်းသို့သွားရောက်ခဲ့ကာ ” ရန်ကုန်ရောက်တာနဲ့ မိသားစုနဲ့အတူ ဦးဇင်းတို့ ငြိမ်းချမ်းရေးကျောင်းတိုက်ဆီသွားခဲ့ပါတယ်။ကျောင်းဆောက်အလှူအတွက်လည်း စီစဉ်နေပါတယ် မြတ်သူနဲ့အတူ နိုင်သလောက် စုပေါင်းကုသိုလ်ပါဝင်နိုင်ပါတယ်ရှင့်။သွားလှူတဲ့အခါလည်း အတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်။ ” ဆိုကာ ချစ်တဲ့ပရိသတ်တွေကိုလည်း အလှူအတွက် တိုက်တွန်း ဆော်သြခဲ့ပါတယ်။ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး မွန်မြတ်လှတဲ့ မြညိုလေးရဲ့ စိတ်ထားလေးနဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Loading...