
0
1




Source: Htet Inzali’s fb,CRD-Rowena:Momolay

UNICODE

မည်သည့်ပြိုင်ပွဲဝင်မှ မရရှိသေးတဲ့ အခွင့်ထူးတစ်ခုကိုရရှိခဲ့တဲ့ MM Idol ပြိုင်ပွဲဝင် ထက်အဉ္ဇလီ

Myanmar Idol Season (4) ပြိုင်ပွဲကြီးက တစ်ပတ်ပြီးတစ်ပတ် အရှိန်အဟုန်မြင့်မားလာပြီး ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ အခုဆိုရင် Live Concert Week (4) ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲဝင် (၈) ဦးသာ ကျန်ရှိတော့ပါတယ်။ ပရိသတ်တွေကလည်း သူတို့ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေအတွက် Voting တွေပေးပြီး အားပေးနေလျက်ရှိပါတယ်။

Top (8) ထဲကမှ ပြိုင်ပွဲဝင် ထက်အဉ္ဇလီကတော့ အခြားမည်သည့်ပြိုင်ပွဲဝင်မှ မရရှိသေးတဲ့ အခွင့်ထူးတစ်ခုကို သူမရဲ့ ချစ်ပရိသတ်တွေဆီမှ ရရှိခဲ့ပါတယ်။ထက်အဉ္ဇလီရဲ့ အမာခံပရိသတ်တွေက သူမအတွက် ရည်ရွယ်ပြီး ကိုယ်ပိုင်သံစဉ်သီချင်းလေးတစ်ပုဒ်ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။Rock Week မှာ ထက်အဉ္ဇလီတစ်ယောက် Bottom ထိုင်ခဲ့ရလို့ သူမရဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်ပြီး ဒီလာမယ့်အပတ်မှာ ထက်အဉ္ဇလီ ပိုမိုပြီး အင်အားရှိစေဖို့ ကိုယ်ပိုင်သံစဉ်သီချင်းလေးကို သီဆိုပြီး လင်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

“ထက်အတွက်အင်အားရှိစေမယ့် ထက်အတွက်ရည်းမှန်းပြီး We Love တွေ ကိုယ်ပိုင်သံစဉ်လေးနဲ့ သီဆိုထားတဲ့ Video file လေးမြင်လိုက်ရတော့ တကယ်အင်အားဖြစ်စေခဲ့ပြီး နွေးထွေးမှူတွေ စည်းလုံးမှုတွေ ရရှိစေခဲ့တယ်” လို့ ထက်အဉ္ဇလီက ဝမ်းသာစွာ ပြောထားပါတယ်။ထက်အဉ္ဇလီကတော့ ချစ်ရတဲ့ Fan တွေကြောင့် ရှေ့လာမယ့်အပတ်မှာ အားအင်တွေအပြည့်နဲ့ အကောင်းဆုံးသီဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Loading...