တာဝန်ချိန်မှာ အလုပ်လုပ်နေတယ် ဆိုတဲ့ ရေတပ် ဗိုလ်ကြီးမမ ယဉ်လတ်

0
1



ရေတပ် ယူနီဖောင်းလေးနဲ့ ယဉ်လတ် ရဲ့ ပုံရိပ်လေးတွေက အရမ်းကို ကြည့်ကောင်းနေတာပဲဖြစ်ပါတယ်။

လှလိုက်တာ ယဉ်လတ်ရယ်


credit – momolay
Unicode

သရုပ်ဆောင် မင်းသမီးချောလေး ယဉ်လတ် ဟာဆိုရင် သရုပ်ဆောင် ပီပြင်ပြီးကျရာ ဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် သူမကိုအားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် အက်ရှင်မင်းသမီးလေးလို့ လူသိများတဲ့ သရုပ်ဆောင် ယဉ်လတ် က ရေတပ်မှ ဗိုလ်ကြီးမမ အဖြစ် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယဉ်လတ်က ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း ရိုက်ကူးထားသူပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ချစ်စရာအပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ ယဉ်လတ် က ရေတပ်ဝတ်စုံလေး ဝတ်ဆင်ပြီး ရိုက်ကူးရေး လုပ်နေတာပါ။

သရုပ်ဆောင် ယဉ်လတ်ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Loading...