ချစ်ခင်ပွန်းရဲ့ Ph wallerpaper ကပုံရိပ်လေးကြောင့် ကြည်နူးခဲ့ရတဲ့ ယွန်းဝတီလွင်မို

0
1




credit -myanmarlaod
Unicode

အိမ်ထောင်ရေးကံကောင်းသူတစ်ယောက်အဖြစ် မိန်းကလေးတွေ အားကျနေရသူကတော့ ယွန်းဝတီလွင်မိုးပါ။ သူမရဲ့မိသားစုလေးကိုလည်း ပရိသတ်တွေက ချစ်ခင်နေရတာပါ။ ယွန်းဝတီလွင်မိုးရဲ့ ပုံစံလေးဟာလည်း အားလုံးရဲ့အသည်းတွေကို တဖြုတ်ဖြုတ်ကြွေဆင်းသွားရလောက်အောင် ချစ်စရာကောင်းလွန်းနေတာပါ။

သူမတို့ဇနီးမောင်နှံဟာ သြစတေးလျနိုင်ငံတွင် ပညာသင်ကြားနေကြတာပဲဖြစ်ပြီး ကျောင်းပိတ်ရက်ရရှိတာကြောင့် သားလေးနဲ့တွေ့ဆုံရန် မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစုပြန်လည်ဆုံဆည်းတာလေးတွေကိုကြည့်ပြီး ထပ်တူ ကြည်နူးဝမ်းသာနေကြတာပါ။ ခေးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မကြာသေးခင်က ပုံရိပ်လေးတစ်ခုတင်ထားတာပါ။

ဒါကတော့ ချစ်ခင်ပွန်းရဲ့ Ph Wallpaper မှာသူမနဲ့သားလေးရဲ့ပုံလေးကို တင်ထားတာပါ။ ခေးလေးကတော့ ဒီပုံလေးကို ကြည့်ပြီး အရမ်းကို ကြည်နူးပျော်ရွှင်နေတာပါ။ ပရိသတ်တွေလည်း ဒီသတင်းလေးကို သိရှိနိုင်ရန်အတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Loading...