အသက် ၁၇ နှစ်ကတည်းက အိမ်ထောင် ကျသွားတဲ့ အကြောင်းပြောပြလာတဲ့ အဆိုတော် မနော

0
1




Video Source : Hall of Fame by Eleven
Unicode

မြန်မာနိုင်ငံရဲ့ မြန်မာသံစဉ်တွေမှာ အောင်မြင်မှု ရရှိနေတဲ့မနောဆိုရင် ပရိတ်သတ်ကြီး အသိပဲဖြစ်မှာပါနော်။ လူချစ်လူခင်ပေါပြီး၊ အမြဲတမ်း ပြုံးပျော်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ ပရိတ်သတ်တွေကို နွေးထွေးသလို၊ အနုပညာရှင်မောင်နှမတွေမှာလည်း ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်မလို့ ချစ်ခင်ကြပါတယ်။ သူဟာ အလှူအတန်းမှာ ရက်ရောသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေက ကထိန်အပြင်၊ မြန်မာတို့ရဲ့ အကြီးမားဆုံးသော ပွဲတော်ကြီးဖြစ်တဲ့ မဟာသင်္ကြန်မှာပါ ခေတ်စားနေဆဲဖြစ်ပါတယ်။

အခုဆိုရင် အဆိုတော်မနောဟာ အင်တာဗျူးတစ်ခုမှာ ပရိတ်သတ်ကြီးမသိသေးတဲ့ အကြောင်းအရာ တစ်ခုကို ချပြခဲ့ပါတယ်။ ဒါကတော့ သူဟာ အသက် ၁၇ နှစ် အရွယ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး၊ သူတို့ရဲ့ မိသားစုလေးကို ဘယ်သူမှ ဘာ့ကြောင့် ခွဲလို့ရမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

မိမိရဲ့ ဇနီးမှာ အရမ်းကိုအေးပြီး ဘုရား၊ တရားကို ယုံကြည်ကိုးကွယ်ကြောင်း၊ သူမဟာ အရမ်းကို အေးလွန်းလို့ ရန်တောင်မဖြစ်ဖူးကြောင်း၊ တစ်ခါတစ်ရံမှာ ကျောင်းကို ကလေးသွားကြိုတဲ့အခါ သူမဟာ စကားတောင်မပြောဖြစ်ကြောင်း၊ အိမ်ထောင်ရေးတွက် အဓိကအချက်က နားလည်မှုပါလို့ ဆိုခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ အဆိုတော်မနောတို့ရဲ့ အိမ်ထောင်ရေးဟာ ယနေ့အချိန်ထိ ဘာ့ကြောင့် ခိုင်မြဲနေလဲဆိုတာကို ဖြေကြားထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်…………။

Loading...