
0
1






credit – momolay
Unicode

အချိုးအစားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ ညှို့အားပြင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေမှာပါ သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေအိမ်စည်က မော်ဒယ် မင်းသားချောလေး ပိုင်တံခွန်နဲ့ ပြက္ခဒိန်အတူ ရိုက်ကူးနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ပုဂံဝတ်စုံကိုယ်စီနဲ့ ပြက္ခဒိန်ရိုက်ကူးနေကြတဲ့ ပိုင်တံခွန်နဲ့ ရွှေအိမ်စည်တို့ကတော့ အရမ်းကို လိုက်ဖက်ညီနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ပုဂံခေတ်က အသွင်အပြင်နဲ့ ပြက္ခဒိန် အတူရိုက်နေကြတဲ့ ပိုင်တံခွန်နဲ့ ရွှေအိမ်စည်တို့ အနုပညာမောင်နှမ နှစ်ဉီးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေအိမ်စည်ကတော့ “ပုဂံနဲ့အရမ်းအကျိုးပေးတယ် ရတနာ စိန်ကျောက် ဇယ်တောက်ရင်းနဲ့ ချောကလက် ဒင်္ဂါးပြားလေးတွေစားရင်းပေါ့ 2020 Calenderလေးတစ်ခုပါပဲ motivated” ဆိုပြီး မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့အတူ ပြက္ခဒိန်ရိုက်ကူးနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အိမ်စည်လေး လှလိုက်တာနော်…။

အလှမယ် မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ လက်ရှိမှာ ရုပ်ရှင်တွေ ရိုက်ကူးဖြစ်နေပြီး၊ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ သေချာကြည့်လေ ခမ်းနားလွန်းလေဖြစ်တဲ့ ပုဂံခေတ်အသွင် ပြင်ဆင်ထားတဲ့ ပိုင်တံခွန်နဲ့ အိမ်စည်တို့က အရမ်းကို ကြည့်လို့မိုက်နေတာပါနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အနုပညာအလုပ်တွေကို ကိုယ်စီအကောင်းဆုံး ကြိုးစားနေကြတဲ့ ပိုင်တံခွန်နဲ့ အိမ်စည်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Loading...