” အချစ်သစ်နဲ့ ပတ်သက်ပြီး ဖွင့်ဟဝန်ခံလိုက်တဲ့ ပန်ကိတ်ဒါဒါ “

0
1




Source: Ya Min Oo
Credit CeleConnections
UNICODE

ပရိသတ်ကြီးအချစ်တော် ပန်ကိတ်ဒါဒါ ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေစိတ်ဝင်အစားဆုံးအချက်လို့ ပြောရမှာပါ။ ချစ်သူဟောင်း နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လမ်းခွဲပြတ်ဆဲပြီးတဲ့အချိန်ကတည်းက ပန်ကိတ်ကတော့ တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ My Day မှာ သူမအချစ်ရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ အကြောင်းအရာလေးတစ်ခုကို တင်ခဲ့တာယပဲ ဖြစ်ပါတယ်။ စကားသံဝဲဝဲလေးနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ပန်ကိတ်လေးကို ချစ်တဲ့ပရိသတ်တွေကတော့ အချစ်သစ်နဲ့ အေးချမ်းစွာ ဖြတ်သန်းစေချင်နေကြပြီလို့ ဆိုရမှာပါ။

ပန်ကိတ်တင်ထားခဲ့တဲ့ စာလေးကတော့ ” Crush က Heart React လာပေးတယ် ” ဆိုတဲ့စာသားလေးပါပဲ ။ ပန်ကိတ်လေးကြွေနေတဲ့ Crush ကဘယ်သူဖြစ်မလဲဆိုတာကို ပရိသတ်တွေကအထူးစိတ်ဝင်စားနေကြတယ်လို့ ဆိုရမှာပါ။ ပန်ကိတ်လေးရဲ့ စိတ်တေါကို အကုန်သိမ်းသွားပြီး ချစ်မိအောင်ပြုစားလိုက်တဲ့ သူကဘယ်သူများ ဖြစ်နေမယ်လို့ ထင်ပါသလဲ ဆယ်လီကွန်နက်ရှင် ပရိသတဆ်ကြီးရေ။ပန်ကိတ်လေးတစ်ယောက် Single ဘဝကနေ ကျွတ်တော့မလားဆိုတာ စိတ်ဝင်စားစရာပါနော်။

မကြာခင်မှာလည်း မြန်မာပြည်ကိုပြန်လာတော့မယ့် ပန်ကိတ်လေးရဲ့ Crush လေးက မြန်မာပြည်ကဖြစ်နေမလားဆိုတာလည်း ရင်ခုန်စရာပါပဲနော်။ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တော် ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်လေးဟာ အခုဆိုရင် Beauty Blog လေးတွေ လုပ်ပြီး သူမရဲ့ Page ကနေပရိသတ်တွေနဲ့ အထိအတွေ့ မပြတ်ရှိနေတာပါ။ပရိသတ်ကြီးလည်း အချစ်သစ်တွေ့နေတယ်လို့ ထင်ရတဲ့ ပန်ကိတ်လေးအတွက် မှတ်ချက်လေးတစ်ခုခုပေးခဲ့ပါဦးနော်။

Loading...