မိဘဆီက ခြင့္ျပဳခ်က္ လြယ္လြယ္မရတဲ့ ေကာင္မေလးေတြအတြက္ လွ်ိဳ႕ဝွက္နည္းလမ္းမ်ား

0
1

ခ်ဳပ္ျခယ္တဲ့ မိဘေတြ ျမင္ဖူးတယ္ မလား။ ဟိုဟာ မလုပ္ရဘူး ဒီဟာ မလုပ္ရဘူးနဲ႔ သင့္သူငယ္ခ်င္းေတြၾကား ဘာလုပ္လုပ္ သင္ မပါျဖစ္ေနတာေရာ ၾကံဳဖူးၾကလား။ ဒါေတြက ဘာေၾကာင့္လို႔ ထင္လဲ။ ျပႆနာရွိရင္ အေျဖဆုိတာ ရွိပါတယ္။ ခ်ဳပ္ျခယ္တာေတြက အေၾကာင္းအခ်က္ မ်ိဳးစံု ရွိပါတယ္။ အဲ့ဒါအတြက္ ေျဖရွင္းနည္းေလးေတြ ၾကည့္လိုက္ရေအာင္…….

(၁) အေၾကာင္းအရင္းကို သိေအာင္ လုပ္ပါ။

သင္ ေတာင္းဆိုတဲ့အရာေတြကို ဘာေၾကာင့္ ခြင့္မျပဳသလဲဆိုတာ သင္ သိဖို႔ လိုအပ္ပါတယ္။ ခ်ဳပ္ျခယ္တာက သင့္ကိုခ်စ္လို႔ ဆိုတာေပမဲ့ စိတ္ပူလို႔လား စိတ္မခ်လို႔လား သင့္အတြက္ အႏၱရာယ္ ရွိလို႔လား အစရွိသျဖင့္ အေၾကာင္းအရင္းေတြ ရွိေနတတ္ပါတယ္။ ဘာေၾကာင့္ဆိုတာ သင္သိဖို႔ လိုပါတယ္။ အကဲမခတ္တတ္ရင္ တိုက္ရိုက္ဖြင့္ေမးႏိုင္ပါတယ္။ ခြင့္မျပဳတဲ့ အေၾကာင္းအရင္းေတာ့ သိခ်င္မိတယ္ ဆိုတာမ်ိဳးေပါ့။ ဒါမွ ေျဖရွင္းမယ့္နည္း ေတြ႔မွာပါ။

(၂) ယံုၾကည္မႈ တည္ေဆာက္ပါ။

ျဖစ္ေလ့ျဖစ္ထ ရွိတာက သားသမီးကို မယံုတာပါ။ မ်က္ကြယ္ရာမွာ မဟုတ္တာ တစ္ခုခု လုပ္မိသြားမွာကို စိုးရိမ္တတ္ၾကသလို အႏၱရာယ္ျဖစ္သြားမွာကိုလည္း စိုးရိမ္တတ္ၾကပါတယ္။ ဒီလိုဆိုရင္ သင့္အိမ္ စိတ္ခ်ေအာင္ အတူလိုက္ခဲ့လို႔ ရေၾကာင္း၊ ဒါမွမဟုတ္ တည္ေနရာေျခခံရာခံထားပါဆိုတဲ့အေၾကာင္း အခ်ိန္အကန္႔အသတ္နဲ႔ပဲ သြားမယ္ မလုပ္ေစခ်င္တာ ဘာမွ မလုပ္ဘူးဆိုတဲ့အေၾကာင္း ကတိေတြ ေပးသင့္ပါတယ္။ ဒါေတာင္ ခြင့္မျပဳရင္ အသိမေပးပဲ လုပ္လိုက္ပါ။ ဒါေပမဲ့ သူတို႔ မလုပ္ေစခ်င္တဲ့အရာေတြ မလုပ္ျဖစ္ေအာင္ သတိထားပါ။ ၿပီးေတာ့မွ အသိေပးလိုက္ပါ။ သင္ ဘာမွ မျဖစ္ဘူးဆိုတာ သိသြားတဲ့အတြက္ သင့္ကို ထုတ္မေျပာေပမဲ့ သူတို႔ သင့္ကို စိတ္ခ်ႏိုင္ပါလိမ့္မယ္။

(၃) စကားေျပာပါ။ ရင္းႏွီးမႈ ယူပါ။

မိသားစုဆိုတာ ဒီထက္ပို ရင္းႏွီးဖို႔ လိုလားလို႔ ေတြးေကာင္းေတြးပါလိမ့္မယ္။ ဒါေပမဲ့ လိုအပ္ပါတယ္။ အေဖ သို႔မဟုတ္ အေမကို သင္နဲ႔ တိုင္ပင္ေဖာ္တိုင္ပင္ဖက္ တစ္ေယာက္လုိ ရင္းရင္းႏွီးႏွီး ေနသင့္ပါတယ္။ ဒါမွ သင့္ဘယ္လိုလူမ်ိဳးလဲလို႔ သူတို႔ သတိထားမိမွာပါ။ မိဘလည္း သားသမီးကို အလံုးစံု မသိႏိုင္လို႔ သင္က ေျပာမွသာ သိမွာပါ။ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိေနရင္ သင့္အေပၚ သူတို႔ရဲ႕ ယံုၾကည္မႈက ပိုမ်ားေလ့ရွိပါတယ္။

(၄) အေပးအယူ လုပ္ပါ။

ကိုယ္ လုပ္ခ်င္တာေတြ ရွိသလို မိဘေတြ ျဖစ္ေစခ်င္တာလည္း ရွိပါတယ္။ ဒီႏွစ္ခုၾကားမွာ သင္လုပ္ခ်င္တာလည္း လုပ္ႏိုင္ဖို႔အတြက္ သင့္မိဘ ျဖစ္ေစခ်င္တာ တစ္ခုခု လုပ္ေပးမယ္ ဒါကို ခြင့္ျပဳေပးရမယ္ ဆိုတာမ်ိဳးနဲ႔ အေပးအယူ ညွိၾကည့္ဖို႔ လိုအပ္ပါတယ္။ အကယ္၍ သင္က တဇြတ္ထိုး လုပ္တတ္တဲ့သူဆိုရင္ ညွိႏိႈင္းရ ပိုလြယ္ကူႏိုင္ပါတယ္။ အျမဲတမ္းလည္း တဇြတ္ထိုး မလုပ္သင့္ေသးပါဘူးေနာ္။ သူတို႔က သင့္ကို ခ်စ္တယ္ဆိုတာ မေမ့လိုက္ပါနဲ႔……..။

အဆင္ေျပၾကပါေစေနာ္…..

CRD-AUNY MAY

UNICODE

မိဘဆီက ခွင့်ပြုချက် လွယ်လွယ်မရတဲ့ ကောင်မလေးတွေအတွက် လျှို့ဝှက်နည်းလမ်းများ

ချုပ်ခြယ်တဲ့ မိဘတွေ မြင်ဖူးတယ် မလား။ ဟိုဟာ မလုပ်ရဘူး ဒီဟာ မလုပ်ရဘူးနဲ့ သင့်သူငယ်ချင်းတွေကြား ဘာလုပ်လုပ် သင် မပါဖြစ်နေတာရော ကြုံဖူးကြလား။ ဒါတွေက ဘာကြောင့်လို့ ထင်လဲ။ ပြဿနာရှိရင် အဖြေဆိုတာ ရှိပါတယ်။ ချုပ်ခြယ်တာတွေက အကြောင်းအချက် မျိုးစုံ ရှိပါတယ်။ အဲ့ဒါအတွက် ဖြေရှင်းနည်းလေးတွေ ကြည့်လိုက်ရအောင်…….

(၁) အကြောင်းအရင်းကို သိအောင် လုပ်ပါ။

သင် တောင်းဆိုတဲ့အရာတွေကို ဘာကြောင့် ခွင့်မပြုသလဲဆိုတာ သင် သိဖို့ လိုအပ်ပါတယ်။ ချုပ်ခြယ်တာက သင့်ကိုချစ်လို့ ဆိုတာပေမဲ့ စိတ်ပူလို့လား စိတ်မချလို့လား သင့်အတွက် အန္တရာယ် ရှိလို့လား အစရှိသဖြင့် အကြောင်းအရင်းတွေ ရှိနေတတ်ပါတယ်။ ဘာကြောင့်ဆိုတာ သင်သိဖို့ လိုပါတယ်။ အကဲမခတ်တတ်ရင် တိုက်ရိုက်ဖွင့်မေးနိုင်ပါတယ်။ ခွင့်မပြုတဲ့ အကြောင်းအရင်းတော့ သိချင်မိတယ် ဆိုတာမျိုးပေါ့။ ဒါမှ ဖြေရှင်းမယ့်နည်း တွေ့မှာပါ။

(၂) ယုံကြည်မှု တည်ဆောက်ပါ။

ဖြစ်လေ့ဖြစ်ထ ရှိတာက သားသမီးကို မယုံတာပါ။ မျက်ကွယ်ရာမှာ မဟုတ်တာ တစ်ခုခု လုပ်မိသွားမှာကို စိုးရိမ်တတ်ကြသလို အန္တရာယ်ဖြစ်သွားမှာကိုလည်း စိုးရိမ်တတ်ကြပါတယ်။ ဒီလိုဆိုရင် သင့်အိမ် စိတ်ချအောင် အတူလိုက်ခဲ့လို့ ရကြောင်း၊ ဒါမှမဟုတ် တည်နေရာခြေခံရာခံထားပါဆိုတဲ့အကြောင်း အချိန်အကန့်အသတ်နဲ့ပဲ သွားမယ် မလုပ်စေချင်တာ ဘာမှ မလုပ်ဘူးဆိုတဲ့အကြောင်း ကတိတွေ ပေးသင့်ပါတယ်။ ဒါတောင် ခွင့်မပြုရင် အသိမပေးပဲ လုပ်လိုက်ပါ။ ဒါပေမဲ့ သူတို့ မလုပ်စေချင်တဲ့အရာတွေ မလုပ်ဖြစ်အောင် သတိထားပါ။ ပြီးတော့မှ အသိပေးလိုက်ပါ။ သင် ဘာမှ မဖြစ်ဘူးဆိုတာ သိသွားတဲ့အတွက် သင့်ကို ထုတ်မပြောပေမဲ့ သူတို့ သင့်ကို စိတ်ချနိုင်ပါလိမ့်မယ်။

(၃) စကားပြောပါ။ ရင်းနှီးမှု ယူပါ။

မိသားစုဆိုတာ ဒီထက်ပို ရင်းနှီးဖို့ လိုလားလို့ တွေးကောင်းတွေးပါလိမ့်မယ်။ ဒါပေမဲ့ လိုအပ်ပါတယ်။ အဖေ သို့မဟုတ် အမေကို သင်နဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ယောက်လို ရင်းရင်းနှီးနှီး နေသင့်ပါတယ်။ ဒါမှ သင့်ဘယ်လိုလူမျိုးလဲလို့ သူတို့ သတိထားမိမှာပါ။ မိဘလည်း သားသမီးကို အလုံးစုံ မသိနိုင်လို့ သင်က ပြောမှသာ သိမှာပါ။ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေရင် သင့်အပေါ် သူတို့ရဲ့ ယုံကြည်မှုက ပိုများလေ့ရှိပါတယ်။

(၄) အပေးအယူ လုပ်ပါ။

ကိုယ် လုပ်ချင်တာတွေ ရှိသလို မိဘတွေ ဖြစ်စေချင်တာလည်း ရှိပါတယ်။ ဒီနှစ်ခုကြားမှာ သင်လုပ်ချင်တာလည်း လုပ်နိုင်ဖို့အတွက် သင့်မိဘ ဖြစ်စေချင်တာ တစ်ခုခု လုပ်ပေးမယ် ဒါကို ခွင့်ပြုပေးရမယ် ဆိုတာမျိုးနဲ့ အပေးအယူ ညှိကြည့်ဖို့ လိုအပ်ပါတယ်။ အကယ်၍ သင်က တဇွတ်ထိုး လုပ်တတ်တဲ့သူဆိုရင် ညှိနှိုင်းရ ပိုလွယ်ကူနိုင်ပါတယ်။ အမြဲတမ်းလည်း တဇွတ်ထိုး မလုပ်သင့်သေးပါဘူးနော်။ သူတို့က သင့်ကို ချစ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့……..။

အဆင်ပြေကြပါစေနော်…..

CRD-AUNY MAY

Loading...