ထက္ျမက္တဲ့ မိန္းကေလးေတြက Single ျဖစ္ဖို႔ ပိုစိတ္အားသန္တဲ့ အေၾကာင္းအရင္းမ်ား

0
1

ခ်စ္သူရည္းစားရွိတာက ေကာင္းတယ္လို႔ ယူဆတဲ့သူေတြ ရွိသလို Single ျဖစ္တာက ပိုေကာင္းတယ္လို႔ လက္ခံက်င့္သံုးၾကတဲ့ သူေတြလည္း ရွိေနပါတယ္။ Couple ျဖစ္ျခင္း single ျဖစ္ျခင္းအေပၚ တစ္ကမာၻလံုး အခုခ်ိန္ထိ အျငင္းပြားေနဆဲပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ထက္ျမက္တဲ့ ေကာင္မေလးေတြကေတာ့ ဒီအခ်က္ေတြေၾကာင့္ပဲ single ျဖစ္ရတာကို ပိုစိတ္အားထက္သန္ၾကပါတယ္။

(၁) ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိတယ္။

ထက္ျမက္တဲ့ေကာင္မေလးတိုင္းက ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိၾကပါတယ္။ ဒါေၾကာင့္ တျခားသူကို မွီခိုဖို႔ မလိုအပ္ဘူးလို႔ ေတြးတတ္ၾကပါတယ္။ ကိုယ္ ဘာကို လုပ္ႏိုင္တယ္၊ မလုပ္ႏိုင္ဘူး ေသခ်ာသိလို႔ တျခားသူေတြဆီက အကူအညီယူဖို႔ကို ဝန္ေလးတတ္ၾကပါတယ္။ ဒါေၾကာင့္ တစ္ေယာက္တည္း ရပ္တည္ႏိုင္တာကို ဂုဏ္ယူဝံ့ႂကြားေလ့ရွိပါတယ္။

(၂) သူမကိုယ္ သူမက ပထမ ဦးစားေပးပဲ။

ဒီလို ေကာင္မေလးေတြက စိတ္ထားႏူးညံ့ၾကေပမဲ့ မိသားစုကလြဲရင္ သူမကိုယ္ သူမအတြက္ပဲ ဂရုစိုက္တတ္တဲ့သူေတြပါ။ သူမကိုယ္ သူမ ေကာင္းေကာင္းဂရုစိုက္ၿပီး အျမဲ ထက္ထက္ျမက္ျမက္ ရွင္သန္ဖို႔ႀကိဳးစားေနၾကတဲ့ သူေတြလည္း ျဖစ္ပါတယ္။

(၃) ကိုယ့္ကိုယ္ကို ရင္းႏွီးျမွပ္ႏွံတယ္။

သူတို႔ေလးေတြက အျမဲ ကိုယ့္ကိုယ္ကို တိုးတက္ေအာင္ လုပ္ဖို႔ စိတ္ကူးရွိေနတဲ့ သူေတြပါ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အျမဲ အခ်ိန္ေပးေနတတ္သလို တိုးတက္ဖို႔အတြက္ လိုအပ္တဲ့အရာေတြကိုလည္း သူမကိုယ္သူမ ျဖည့္ဆည္းေပးေနတတ္ပါတယ္။ သူမကသာ သူမကိုယ္ အေကာင္းဆံုးေထာက္ပံ့ႏိုင္တဲ့သူလို႔ ယံုၾကည္ထားတတ္ၾကပါတယ္။

(၄) တစ္ေယာက္တည္း အိပ္ရတာ ႏွစ္ၿခိဳက္တယ္။

ေဘးနားမွာ တစ္ေယာက္ေယာက္နဲ႔ ယွဥ္ၿပီး အိပ္ေနရတာနဲ႔ တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ အိပ္ရတာကို သေဘာက်ၾကပါတယ္။ တစ္ေယာက္တည္း အိပ္တာက ပိုၿပီး စိတ္အပန္းေျပေစတယ္ လြတ္လပ္မႈကို ခံစားရတယ္လို႔ လက္ခံၾကတာမို႔ ဒီလို အိပ္စက္တာကို အရမ္း ႏွစ္သက္ၾကသူေတြ ျဖစ္ပါတယ္။

(၅) Single ျဖစ္ရတာကို ပိုေက်နပ္တယ္။

ခ်စ္သူရည္းစားထားတယ္ အိမ္ေထာာင္ျပဳတယ္ဆိုတာကို ဝန္ထုပ္ဝန္ပိုး တစ္ခုလို ခံစားေနတတ္ၾကသူေတြပါ။ ဒါေၾကာင့္ ခ်စ္သူရည္းစားေတြကို ၾကည့္ရံုပဲ ၾကည့္ၿပီး ကိုယ္ကိုယ္တိုင္ကေတာ့ တစ္ေယာက္တည္းေနရတာ ပိုလြတ္လပ္တယ္၊ ဘဝကို ပိုအာရံုစိုက္လို႔ရတယ္လို႔ လက္ခံၿပီး ျဖစ္ခ်င္တဲ့အေနအထားကိုေရာက္ေအာင္ပဲ အျမဲ အာရံုတစိုက္ ႀကိဳးစားေနတတ္ၾကပါတယ္။

(၆) သူတို႔ထက္ သာတဲ့သူ မဟုတ္ေတာင္ သူတို႔နဲ႔ တန္းတူ ထက္ျမက္တဲ့ ေကာင္ေလးမ်ိဳးကိုသာ လိုခ်င္တယ္။

သူတို႔ စံႏႈန္းကေတာ့ သူ႔ထက္ ထက္ျမက္တဲ့သူ မဟုတ္ရင္ေတာင္ သူ႔လို ေတာ္တဲ့သူ ျဖစ္ဖို႔ပဲ လိုခ်င္ၾကသူေတြပါ။ ဒါမွ တစ္ေယာက္နဲ႔တစ္ေယာက္ ေျပလည္မွာ ျဖစ္သလို သူ႔ဘက္ကိုယ့္ဘက္ ပံ့ပိုးႏိုင္မယ္ ယူဆတဲ့အတြက္ အဲ့လိုလူမ်ိဳးမဟုတ္ရင္ စဥ္းစားေလ့မရွိပါဘူး။

CRD-AUNTY MAY

UNICODE

ထက်မြက်တဲ့ မိန်းကလေးတွေက Single ဖြစ်ဖို့ ပိုစိတ်အားသန်တဲ့ အကြောင်းအရင်းများ

ချစ်သူရည်းစားရှိတာက ကောင်းတယ်လို့ ယူဆတဲ့သူတွေ ရှိသလို Single ဖြစ်တာက ပိုကောင်းတယ်လို့ လက်ခံကျင့်သုံးကြတဲ့ သူတွေလည်း ရှိနေပါတယ်။ Couple ဖြစ်ခြင်း single ဖြစ်ခြင်းအပေါ် တစ်ကမ္ဘာလုံး အခုချိန်ထိ အငြင်းပွားနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထက်မြက်တဲ့ ကောင်မလေးတွေကတော့ ဒီအချက်တွေကြောင့်ပဲ single ဖြစ်ရတာကို ပိုစိတ်အားထက်သန်ကြပါတယ်။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်။

ထက်မြက်တဲ့ကောင်မလေးတိုင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိကြပါတယ်။ ဒါကြောင့် တခြားသူကို မှီခိုဖို့ မလိုအပ်ဘူးလို့ တွေးတတ်ကြပါတယ်။ ကိုယ် ဘာကို လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး သေချာသိလို့ တခြားသူတွေဆီက အကူအညီယူဖို့ကို ဝန်လေးတတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ရပ်တည်နိုင်တာကို ဂုဏ်ယူဝံ့ကြွားလေ့ရှိပါတယ်။

(၂) သူမကိုယ် သူမက ပထမ ဦးစားပေးပဲ။

ဒီလို ကောင်မလေးတွေက စိတ်ထားနူးညံ့ကြပေမဲ့ မိသားစုကလွဲရင် သူမကိုယ် သူမအတွက်ပဲ ဂရုစိုက်တတ်တဲ့သူတွေပါ။ သူမကိုယ် သူမ ကောင်းကောင်းဂရုစိုက်ပြီး အမြဲ ထက်ထက်မြက်မြက် ရှင်သန်ဖို့ကြိုးစားနေကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို ရင်းနှီးမြှပ်နှံတယ်။

သူတို့လေးတွေက အမြဲ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ စိတ်ကူးရှိနေတဲ့ သူတွေပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲ အချိန်ပေးနေတတ်သလို တိုးတက်ဖို့အတွက် လိုအပ်တဲ့အရာတွေကိုလည်း သူမကိုယ်သူမ ဖြည့်ဆည်းပေးနေတတ်ပါတယ်။ သူမကသာ သူမကိုယ် အကောင်းဆုံးထောက်ပံ့နိုင်တဲ့သူလို့ ယုံကြည်ထားတတ်ကြပါတယ်။

(၄) တစ်ယောက်တည်း အိပ်ရတာ နှစ်ခြိုက်တယ်။

ဘေးနားမှာ တစ်ယောက်ယောက်နဲ့ ယှဉ်ပြီး အိပ်နေရတာနဲ့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အိပ်ရတာကို သဘောကျကြပါတယ်။ တစ်ယောက်တည်း အိပ်တာက ပိုပြီး စိတ်အပန်းပြေစေတယ် လွတ်လပ်မှုကို ခံစားရတယ်လို့ လက်ခံကြတာမို့ ဒီလို အိပ်စက်တာကို အရမ်း နှစ်သက်ကြသူတွေ ဖြစ်ပါတယ်။

(၅) Single ဖြစ်ရတာကို ပိုကျေနပ်တယ်။

ချစ်သူရည်းစားထားတယ် အိမ်ထောာင်ပြုတယ်ဆိုတာကို ဝန်ထုပ်ဝန်ပိုး တစ်ခုလို ခံစားနေတတ်ကြသူတွေပါ။ ဒါကြောင့် ချစ်သူရည်းစားတွေကို ကြည့်ရုံပဲ ကြည့်ပြီး ကိုယ်ကိုယ်တိုင်ကတော့ တစ်ယောက်တည်းနေရတာ ပိုလွတ်လပ်တယ်၊ ဘဝကို ပိုအာရုံစိုက်လို့ရတယ်လို့ လက်ခံပြီး ဖြစ်ချင်တဲ့အနေအထားကိုရောက်အောင်ပဲ အမြဲ အာရုံတစိုက် ကြိုးစားနေတတ်ကြပါတယ်။

(၆) သူတို့ထက် သာတဲ့သူ မဟုတ်တောင် သူတို့နဲ့ တန်းတူ ထက်မြက်တဲ့ ကောင်လေးမျိုးကိုသာ လိုချင်တယ်။

သူတို့ စံနှုန်းကတော့ သူ့ထက် ထက်မြက်တဲ့သူ မဟုတ်ရင်တောင် သူ့လို တော်တဲ့သူ ဖြစ်ဖို့ပဲ လိုချင်ကြသူတွေပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ပြေလည်မှာ ဖြစ်သလို သူ့ဘက်ကိုယ့်ဘက် ပံ့ပိုးနိုင်မယ် ယူဆတဲ့အတွက် အဲ့လိုလူမျိုးမဟုတ်ရင် စဉ်းစားလေ့မရှိပါဘူး။

CRD-AUNTY MAY

Loading...