Friday, November 22, 2019
Home Blog Page 51

ချစ်သူကို ရူးမတတ်လွမ်းနေတုန်းပါပဲလို့ ရင်ဖွင့်လာတဲ့ နီလန်း

လူတွေတော်တော်များများက Strong Girl လို့ ပြောကြပေမယ့်လည်း နှလုံးသားက ထင်ထားသလောက် မမာဘူးလို့ ဆိုပါတယ်။ အချိန်တွေ ကြာပေမယ့်လည်း ချစ်သူကို ရူးမတတ်လွမ်းနေတုန်းပဲတဲ့။ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ Myanmar Idol Season 3 ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ နီလန်းဟာ ချစ်သူကို လွမ်းဆွတ်သတိရလို့ နေပါတယ်။ သူမကို အားလုံးက Strong Girl တစ်ယောက်လို့ မြင်ပေမယ့်လည်း သူမရဲ့ နှလုံးသားက ထင်ထားသလောက် မမာဘူးဆိုပြီး ရင်ဖွင့်ထားတာတွေ့ရပါတယ်။ “လူတွေ တော်တော်များများက ပြောကြတယ် “Strong Girl” လို့ ဟုတ်လားမဟုတ်လားတော့မသိပေမယ့် နင့်ကိုလွမ်းရတာ ရူးမတတ်ပါပဲ ငါ့နှလုံးသားက နင်ထင်ထားသလောက်မမာဘူး.။အရမ်းပင်ပန်းနေပြီ။နင့်အတွက်လုပ်ထားတဲ့သီချင်းလေးလည်း ခုထိအဆင်မပြေနိုင်ဘူး။ I’m so stress” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ နီလန်းရဲ့ ချစ်သူဟာ နီလန်း ပြိုင်ပွဲဝင်နေချိန်မှာ...

ပတ်တီးဖြေလိုက်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ရဲ့မျက်နှာကို ထုတ်ပြလိုက်တဲ့ နေမင်

ယာက်ျားပီသတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေမင်းကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့် အနုပညာလောကမှာ နေရာတစ်ခု ရရှိထားတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေမင်းက လည်ပင်းနဲ့ မေးရိုးကို ခွဲစိတ်ထားတဲ့ အကြောင်း ပရိသတ်ကိုအသိပေးခဲ့တာကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရတာပါ။ ဒီနေ့လေးမှာတော့ နေမင်းက ပတ်တီးဖြေလိုက်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ သူ့ရဲ့မျက်နှာကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ အရင်ကနဲ့မတူပဲ ပိုပြီးကြည့်ကောင်းလာတဲ့ နေမင်းရဲ့ပုံရိပ်တွေကတော့ အရမ်းကို ခန့်နေတာပါနော်။ ပရိသတ်တွေအတွက် ခွဲစိတ်မှုတွေအပြီး ပတ်တီးဖြေပြီးနောက် ပြောင်းလဲသွားတဲ့ မျက်နှာကို ပြသလိုက်တဲ့ နေမင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေမင်းကတော့ “2004 က အိပ်နေသော နိုင်နိုင်လေး နဲ့ 2019 (ဒီနေ့မနက်) နိုးလာခဲ့သော ဦးနိုင်ကြီး ထွန်းလမင်း (my nephew)2019 picture” ဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပုံလေးနဲ့ ပတ်တီးဖြေအပြီး...

သာသနာ့ဘောင်ထဲဝင်သွားတဲ့ မိုးဟေကို

သရုပ်ဆောင်မိုးဟေကိုဟာ မွေးနေ့ မတိုင်ခင်မှာ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမဟာ မွေးနေ့မတိုင်ခင် အလှူအတန်းတွေလည်း လုပ်ခဲ့တာ တွေ့ရပါတယ်။ မိုးဟေကိုက ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းက သီလရှင် ဝတ်ခဲ့တယ်လို့ ဆရာဖြစ်သူ Star & Model Agency မှ ဂျွန်လွင်က ပြောပါတယ်။ သူမဟာ ဇွန်လ ၂၆ ရက်နေ့မှာ မွေးနေ့ကျရောက်မှာ ဖြစ်ပါတယ်။ ‘’Moe hay ko သာသနာ့ဘောင်တွင်းသို့ဝင် တရားထူးတရားမြတ်ရှာတွေ့ပြီးဘဝမှာငြိမ်းချမ်း သာယာစွာဖြတ်သန်းနိုင်ပါစေ’’ ဆိုပြီးတော့ မိုးဟေကိုရဲ့ ဆရာတစ်ဦးဖြစ်သူ ဂျွန်လွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၄၉ မိနစ်က ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီနောက် သာသာနာ့ဘောင်ဝင်ခဲ့တဲ့ မိုးဟေကိုရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ မိုးဟေကိုနဲ့ အတူ ဇာတ်ပို့သရုပ်ဆောင်...

ရုပ်ရှင်ရိုက်ဖို့အတွက် Location ရှာနေတဲ့ ပြေတီဦး

ပြေတီဦးကတော့ ရုပ်ရှင်ရိုက်ဖို့အတွက် နှစ်ထပ်သစ်သားအိမ်တန်းတွေ ရှာလို့ နေပါတယ်။ ပရိသတ်တွေလည်းကူပြီး ရှာပေးဖို့အတွက် ပြောထားပါသေးတယ်။ ပြေတီဦးက ရုပ်ရှင်ရိုက်ကူးဖို့အတွက် ရှေးခတ်ပုံစံမျိုး နှစ်ထပ်သစ်သားအိမ်တန်းတွေ ရှိတဲ့ မြို့လေးကို ရှာနေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ရိုက်ဖို့အတွက် location ရှာနေတာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း အကူအညီတောင်းထားပါသေးတယ်။ “ရုပ်ရှင်အတွက် Location ရှာနေတာပါ။ ဒီလို ရှေးခေတ် မြို့လည် နှစ်ထပ်တိုက် (သို့) နှစ်ထပ်သစ်သားအိမ်တန်းတွေ ဘယ်မြို့မှာ ကျန်နိုင်သေးလဲ သိချင်လို့ပါ။ မြင်မိတာ ရှိရင် ပြောပြပေးကြပါခင်ဗျ။ အကူအညီလေးတောင်းတာပါနော်။ အဲလိုနေရာလေးများ ရှိရင် comment မှာ ဓါတ်ပုံလေးပါရိုက်ပြီး ပို့ပေးစေချင်ပါတယ်..ကျေးဇူးပါနော်” ဆိုပြီး ဇွန်လ(၂၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ ပရိသတ်တွေကလည်း သူတို့သိတဲ့ နေရာပုံလေးတွေကိုလည်း ပြေတီဦးတင်ထားတဲ့ စာအောက်မှာ မှတ်ချက်ပေးပြီး ပြောပြထားကြပါသေးတယ်။ ပြေတီဦး လိုချင်တဲ့ နှစ်ထပ်သစ်သားအိမ်တန်းလေးတွေဟာဆိုရင် မော်လမြိုင်မြို့မှာ အများဆုံး...
Close